Friday, December 19, 2014

"ဗိုက်ခေါက်က အဆီတွေနဲ့ ကိုယ်မှအဆီတွေကို အားကစားလုပ်စရာမလို အစားရှောင်စရာမလိုပဲ ကျစေတဲ့ ပျားသံပရာလုပ်နည်း "

Unknown  /  at  9:37 AM  /  No comments

Photo: "ဗိုက်ခေါက်က အဆီတွေနဲ့ ကိုယ်မှအဆီတွေကို အားကစားလုပ်စရာမလို
အစားရှောင်စရာမလိုပဲ ကျစေတဲ့ ပျားသံပရာလုပ်နည်း "

ကျွန်တော့ အလုပ်က အထိုင်များတယ် အားကစားလဲ သိပ်မလုပ်ဖြစ်လို့
မ၀ပေမယ့် ဗိုက်မှာအဆီတွေ များနေတယ် အဲ့ဒါကြောင့် အွန်လိုင်းမှာရော
တီဗီမှာလာတဲ့ ကျန်းမာရေး အစီစဉ်တွေကနေ ဆရာဝန်တွေ ခဏခဏ
ညွှန်းတဲ့ အဆီကျတဲ့ နံမည်ကြီး ပျားသံပရာကိုစသောက်ဖို့ ဒီနေ့ပဲ
ဆုံးဖြတ်လိုက်ပါတယ် လုပ်နည်းအဆင့်ဆင့်ကတော့ အောက်ပါအတိုင်း
ဖြစ်ပါတယ် .....

(၁) ပါဝင်တဲ့ ပစ္စည်းတွေကတော့ ပျားရည်အစစ် (ကျွန်တော်ကတော့
City Mart က စစ်တယ်လို့ပြောလို့ City Mart ကနေ သဘာဝပျားရည်တစ်ဘူး
ဝယ်လာပါတယ်)၊ သံပရာသီး ၁၅ လုံး (ကျွန်တော်ကတော့ ၁၀ လုံးပဲသုံးထားပါတယ်)
ဆားအနည်းငယ်၊ ပုလင်းခွံတစ်လုံး ဖြစ်ပါတယ်။

(၂) ပထမဆုံး သံပရာသီးတွေကို အလုံးလိုက် ဆားဖြင့် ပွတ်ပါ၊ ဆားဖြင့်ပွတ်ပြီး
၅ မိနစ်ခန့်ထားပါ၊ ပြီးရင် အဆိုပါသံပုရာသီးတွေကို ရေဖြင့်ဆေးလိုက်ပြီး
ရေခြောက်အောင် ခဏထားပါ။

(၃) ရေခြောက်သွားသော သံပုရာသီးတွေကို အကွင်းအကွင်းလေးတွေလှီး
အစေ့ဖယ်ပြီး ပုလင်းခွံ အလွတ်ထဲကို သံပုရာကွင်း တစ်ကွင်းထည့်လိုက်
ပျားရည်တစ်စွန်း ထည့်လိုက်နှင့် သံပုရာသီးအကွင်းတွေကုန်အောင်ထည့်ပါ။

(၄) ပြီးလျှင် သောက်ရေကို အပေါ်မှ သံပုရာကွင်းတွေ မြှုပ်နေအောင်
ထည့်ပြီး ရေခဲသေတ္တာထဲတွင် သုံးရက်ခန့်ထားလိုက်ပါက ပျားသံရာကို
ရရှိပြီဖြစ်ပါသည်။

သောက်သုံးနည်း >> မနက်စာ မစားမီ သံပရာသီး တစ်ကွင်းနှင့်
ပုလင်းထဲမှ ပျားသံပရာ တစ်စွန်းကို ရေ (သို့မဟုတ်) ရေနွေးဖြင့်
တစ်ကြိမ်သောက်ပါ ညအိပ်ခါနည်းလဲ အဆိုပါအတိုင်း တစ်ကြိမ်သောက်ပါ။

ကိုယ့်တွေ သောက်သုံးပြီး အဆီကျတဲ့လူတွေကတော့ အဆိုပါနည်းအတိုင်း
သောက်သုံးလိုက်တဲ့အခါ တစ်ပတ် အတွင်းသိသာတယ်လို့ပြောပါတယ်။

"သိသူများကျော်သွားပါ မသိသူများဖော်စားပါ တစ်ခြားမသိသူများကို
Share ပေးပါ" ..........
Myanmaalinn

Share
Posted in: Posted on: Friday, December 19, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.