
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ အမှတ်(၇)
အခြေခံပညာမူလတန်းကျောင်းက ဆရာမ ဒေါ်ဌေးဌေးဝေက
ကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက်ကြောင့်
ကျောင်းအုပ်ဆရာမကြီးက သူ့ကို ကျောင်းပြောင်းခိုင်းတဲ့အတွက် မကျေနပ်ကြောင်း ပြောကြားလိုက်ပါတယ်။
ဆရာမဒေါ်ဌေးဌေးဝေက စစ်ကိုင်းမြို့မှာ သတင်းမီဒီယာသမားတွေနဲ့ ဒီကနေ့ တွေ့ဆုံစဉ် အခုလို ပြောခဲ့တာဖြစ်ပါတယ်။
ကျောင်းအုပ်ဆရာမကြီးရဲ့အမိန့်စာမှာ လိုအပ်ချက်အရ
ကျောင်းပြောင်းခြင်းဖြစ်တယ်လို့ ရေးသားထားပေမယ့် အမှန်မှာတော့
ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေမှာပါဝင်ခဲ့လို့ သူ့ကို
ပြောင်းရွေ့တာဖြစ်တယ်လို့ ဆရာမဒေါ်ဌေးဌေးဝေက ပြောပါတယ်။
"အဲ့ဆရာမက
ကျောင်းသားသမဂ္ဂတွေမှာ ဦးဆောင်တာဟုတ်ပါသလားတို့၊ အဲ့ဆရာမက အခမ်းအနားတွေမှာ
ချီတက်တာ ဟုတ်ပါသလားတို့ဆိုတာကိုတော့ ဆရာမကိုတိုက်ရိုက်မပြောပဲနဲ့
ပတ်ဝန်းကျင်မှာ အရပ်စကားပေါ့၊ အဲ့ဆရာမက နိုင်ငံရေးတွေလုပ်တယ်၊
အဖွဲ့အစည်းပေါင်းစုံတွေနဲ့ ပေါင်းတယ်ပေါ့နော်၊ အဲ့လိုပြောပေမဲ့ ဆရာမက
ဂရုမစိုက်ခဲ့ပါဘူး၊ တိုင်းပညာရေးမှူးစစ်တဲ့နေမှာတော့ သက်သေကိုတော့
အဲ့လိုတွေမေးတယ်တဲ့၊ အဲ့ဒါကြောင့်မို့ ဆရာမကသိရတာ"
ကျောင်းအုပ်ဆရာမကြီးက ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ဆရာမဒေါ်ဌေးဌေးဝေကို
ကျောင်းပြောင်းမိန့်ထုတ်ခဲ့တာဖြစ်ပြီး ဆရာမဒေါ်ဌေးဌေးဝေက
ကျောင်းမပြောင်းတဲ့အတွက် သင်ကြားနေတဲ့ စာသင်ခန်းထဲက စာသင်ခုံတွေကို
ဖယ်ရှားခဲ့ပါတယ်။
အဲဒီလိုဖယ်ရှားခဲ့တာကြောင့် ပထမတန်း ကျောင်းသား
ကျောင်းသူ ၂၇ ဦး သမံတလင်းပေါ်မှာထိုင်ပြီး စာသင်ကြားနေရတဲ့ဓာတ်ပုံတွေကို
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တဲ့အတွက် ကျောင်းအုပ်ဆရာမကြီးက ဆရာမ
ဒေါ်ဌေးဌေးဝေကို ပုဒ်မ ၄၄၇/၅၀၀ နဲ့ အမှုဖွင့်အရေးယူပေးဖို့ စစ်ကိုင်းအမှတ် ၁
ရဲစခန်းမှာ တိုင်ကြားထားပါတယ်။
ကျောင်းအုပ်ဆရာမကြီးရဲ့
တိုင်တန်းချက်အရ ကျောင်းသူ ၂ ဦးနဲ့ ကျောင်းသား ၂ ဦးကို အမှတ် ၁ ရဲစခန်းက
သက်ဆိုင်ရာကျောင်းသားမိဘတွေကို အသိမပေးဘဲ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
ခေါ်ယူစစ်ဆေးခံရတဲ့ ကလေးမိဘတွေကလည်း မကျေနပ်ကြောင်း ဒီနေ့တွေ့ဆုံပွဲမှာ
ပြောပါတယ်။
စစ်ကိုင်းမြို့ အမှတ် ၁ ရဲစခန်းက ဒုတိယရဲမှူး
သိင်္ခ၀င်းက တော့ ကျောင်းသားတွေကို ကျောင်းချိန်အတွင်းမှာ
ခေါ်ယူစစ်ဆေးတာဖြစ်တဲ့အတွက် မိဘတွေကို အသိမပေးခဲ့တာဖြစ်တယ်လို့
သတင်းမီဒီယာတွေကို ဖြေကြားပါတယ်။
"ဒီအမှုတည်ဆောက်တဲ့နေရာမှာ
သက်သေကတော့ ဘယ်လိုပဲဖြစ်ဖြစ် မြင်တွေ့သမျှကို ပြောဆိုနိုင်တဲ့လူရှိရင်
သက်သေခံသွင်းလို့ရတယ်၊ ကျနော်တို့က လက်ရှိကျောင်းအချိန်ဖြစ်တဲ့အတွက်ကြောင့်
ကျောင်းအုပ်ကြီးကို ခွင့်တောင်းပြီးတော့မှ ခေါ်တာလေ၊ မိဘနဲ့မဆိုင်ဘူး၊
ကျနော်တို့အိမ်ကခေါ်တာမဟုတ်ဘူး၊ ကျောင်းကခေါ်တာ"
အပြန်အလှန်အားဖြင့်
ဆရာမဒေါ်ဌေးဌေးဝေက မဟုတ်မမှန်တိုင်ကြားခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး
ဒေါ်ထိုက်စံနဲ့ ဆရာမကြီးရဲ့ အဲဒီတိုင်တန်းချက်ကို
ရေးသားဖော်ပြခဲ့တဲ့ဂျာနယ်နဲ့ သတင်းထောက်တစ်ဦးကို
တရားစွဲဆိုသွားမယ်လို့လည်း ဆိုပါတယ်။
RFA Burmese
Friday, December 19, 2014
မူလတန်းပြဆရာမနဲ့ ကျောင်းအုပ်ဆရာမကြီး အပြန်အလှန်တရားစွဲ
Unknown /  at 9:29 AM /  No comments
Share
Posted in: News
Posted on: Friday, December 19, 2014
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
Blog Archive
-
▼
2014
-
▼
December 14 - December 21
- ရွှေဘိုမြို့နယ်တွင် အမကကျောင်းတစ်ကျောင်း၏ ခြံစည်းရိ...
- သီတဂူဆရာတော်ဘုရားကြီး မိန့်တော်မူခဲ့တဲ့ “လူအခွင့်...
- Betel nut with Tobacco ဆေး-ကွမ်းယာ နဲ့ ကျန်းမာရေး
- ကြွက်နို့ကို လက်တို့ပြီး ကုလိုက်နည်း
- ကိုယ့်အားကိုယ်ကိုးရွာဝင်ရေဆိုးမြောင်းကူး တံတားဆောက...
- မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာ...
- - Coffee Mix ကို အဆိပ်ခတ် မသောက်ချင်ကြပါနဲ့..
- သမီးရင်းအား မုဒိန်းကျင့်၍ ရလာသော ရင်သွေးကို သတ်ပြီ...
- မြန်မာ့ဆက်သွယ်ရေးကို ဆန္ဒပြရန် ကသာတွင် စီစဉ်နေ
- ဆေးစွမ်းထက်သော ခွေးလှေးယားသီးနက်စေ့
- ဆားလင်းကြီးမြို့နယ်တွင် ဗုဒ္ဒရုပ်ပွားတော်များ ခိုးယ...
- ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရွေးကောက်ပွဲ ၂၀၁၅ နှစ်ဆန်းတ...
- ရှင်မတောင်သနပ်ခါးစိုက်လိုသူများလာ၍ ရေစကြိုကျောက်ကု...
- တက်ခွင့်ပိတ်ထားသော်လည်း မင်းကွန်းပုထိုးတော်ကြီးပေါ်...
- "ဗိုက်ခေါက်က အဆီတွေနဲ့ ကိုယ်မှအဆီတွေကို အားကစားလုပ...
- ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်...
- ဆရာတော်ကြီးများ၏အသိပေးစကားစုများ
- မနက် အိပ်ယာထချိန် ငှက်ပျောသီး စားသင့်မစားသင့် (ဝမ်...
- Friendly Match =========================== မြန်မာယ...
- မူးယစ်ဆေးဝါးအမှုဖြင့်ဖမ်းဆီးခံထားသည့် ကျောင်းအုပ်ဆရ...
- ၁၂ ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲ စစ်ကိုင်းတိုင်...
- မူလတန်းပြဆရာမနဲ့ ကျောင်းအုပ်ဆရာမကြီး အပြန်အလှန်တရာ...
- မြင်းခွာရွက် အစွမ်း
- မနက်အိပ်ယာ နိုးနိုးပြီပြီးချင်း ရေသောက်ခြင်းကရတဲ့ ...
- စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးဝင်ပေါက် သံတံခါ...
- အကြောတက် ခြင်းနှင့် ကန်စွန်းရွက်
-
▼
December 14 - December 21
0 comments: