Friday, December 19, 2014

ဆားလင်းကြီးမြို့နယ်တွင် ဗုဒ္ဒရုပ်ပွားတော်များ ခိုးယူခံရ

Unknown  /  at  9:42 AM  /  No comments

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဓာတ်ပေါင်းမဉ္ဖူစေတီဝင်း အတွင်း လွန်ခဲ့သော နှစ်ပေါင်း(၅၀)ကျော်ခန့်က တည်ထားကိုးကွယ်ခဲ့သော ဗုဒ္ဒဆင်းတုတော် ရပ်တော်မူ(၂)ဆူ မှာ ခိုးယူခံရသည့်အတွက် ဒီဇင်ဘာ ၁၄ ရက်နေ့ည ၇ နာရီခွဲအချိန်က ဆားလင်းကြီးမြို့မရဲံစခန်းမှ အမှုဖွင့်အ ရေးယူလိုက်ပြီးဖြစ်ကြောင်း သိရသည်။
ခိုးယူခံရသည့် ဗုဒ္ဒဆင်းတုတော်မှာ အမြင့်ဥာဏ်တော်(၄)ပေ အရွယ်ရှိ ကိုယ်လုံးတော်ပြည့် ရွှေစင်ချထားသည့် သစ်သားဆင်းတုတော်များဖြစ်သည်။ အဆိုပါ ဆင်းတုတော်များ ခိုးယူခံရကြောင်း ဆရာတော် ဥူးပညိဏ္ဒမှ ဘုရားဂေါပက ဥက္ကဌ ဦးအောင်ထွန်းထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဘုရားဂေါပက ဥက္ကဌ ဦးအောင်ထွန်းမှ ရဲစခန်းသို့သွားရောက်၍ အမှုဖွင့်တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ)၁၈၅/ ၂၀၁၄ ပုဒ်မ ၃၈၀/၂၉၅ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုတိုး ချင်းတွင်း

Share
Posted in: Posted on: Friday, December 19, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.