Friday, December 19, 2014

မြန်မာ့ဆက်သွယ်ရေးကို ဆန္ဒပြရန် ကသာတွင် စီစဉ်နေ

Unknown  /  at  9:44 AM  /  No comments

Photo: မြန်မာ့ဆက်သွယ်ရေးကို ဆန္ဒပြရန် ကသာတွင် စီစဉ်နေ
Tuesday, December 16, 2014
ခရိုင်မြို့ဖြစ်ပေမယ့် ဖုန်းလိုင်းဆက်သွယ်ရေး မကောင်းတာကြောင့် ကသာမြို့မှာ မြန်မာ့ ဆက်သွယ်ရေးကို ဆန္ဒပြဖို့ စီစဉ်နေပါတယ်။
Phone Tower“အနားမှာရှိတဲ့ နဘားဆိုတဲ့ ရွာမှာတောင် ဖုန်းလိုင်းကကောင်းသေးတယ်။ ကသာမြို့ပေါ် မှာတော့ အခုအချိန်အထိ ဖုန်းရော၊ အင်တာနက်လိုင်းရော လုံးဝ မကောင်းဘူး”လို့ ဆန္ဒပြဖို့ စီစဉ်သူ ကသာဒေသခံ သတင်းထောက် ဟာဂျူလီက ပြောပါတယ်။
လာမယ့် ဇန်န၀ါရီ ပထမပတ်မှာ ဆန္ဒပြဖို့ မီဒီယာ သမားတွေ ဦးဆောင်စီစဉ်နေပြီး အခုအချိန်မှာတော့ လိုက်ပါဆန္ဒပြဖို့ စာရင်းပေးထားသူ ၃၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။
ကသာမြို့မှာ အင်တာနက်ဆိုင် တစ်ဆိုင်မှ မရှိပဲ ကြိုးဖုန်း၊ ဂျီအက်စ်အမ် နဲ့ စီဒီအမ်အေ ဖုန်းလိုင်းတွေကိုပဲ သုံးနေရတာပါ။
အဲဒီဖုန်းတွေအတွက် ဆက်သွယ်ရေးက တာဝါတိုင် ၅ တိုင် စိုက်ထားပေမယ့် ၂ တိုင်က စက်တွေမတပ်ရသေးဘူးလို့ ကသာခရိုင် ဆက်သွယ်ရေး တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သိင်္ဂီဝင်းက ပြောပါတယ်။
ဖုန်းလိုင်းတွေမကောင်းတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်ကို တင်ပြခဲ့ဖူးပေမယ့် မထူးခြားတာကြောင့် တာဝန်အရှိဆုံးဖြစ်တဲ့ ဆက်သွယ်ရေးဝန်ကြီးကို ဆန္ဒပြမှာပါ လို့လည်း သူက ပြောပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ သက်တမ်းအရင့်ဆုံး အော်ပရေတာဖြစ်ပြီး ဖုန်းလိုင်း ရောင်းချခဲ့တဲ့ဈေးနှုန်း၊ လိုင်းဆွဲအား စတာတွေနဲ့ပတ်သက်ပြီး ဝေဖန်အခံရဆုံးဖြစ်နေပြီး အခုလို ဆန္ဒပြမှာကတော့ ပထဆုံးဖြစ်ပါတယ်။
DVB

Share
Posted in: Posted on: Friday, December 19, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.